Website Administration Training မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား

Post date:
21 Feb 2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သက်မွေးပညာသင်တန်းကျောင်းများ၏ Website (၇၃)ခုတွင် လုံခြုံစိတ်ချပြီး မှန်ကန် သော သတင်းအချက်အလက်များ စနစ်တကျ စဉ်ဆက်မပြတ် Update ပြုလုပ်ပြီး လွှင့်တင်နိုင်စေရန်နှင့် Website ပြုပြင်ထိန်း သိမ်းမှုများ ဆောင်ရွက်နိုင်စေရန်အတွက် လိုအပ်သည့် Website Administration Training မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၁)ရက်နေ့ မနက်(၁၀:၀၀) နာရီတွင် Online မှတဆင့် ကျင်းပခဲ့ရာ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဉာဏ်ဝင်းသန်း တက်ရောက် ၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ e-Government ဌာနခွဲမှ တာဝန်ရှိသူများနှင့် သင်ကြားမည့် ဆရာ၊ဆရာမများ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ တာဝန်ရှိသူများ၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သက်မွေး ပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် သက်ဆိုင်ရာကျောင်းများမှ Website Administrator အဖြစ် တာဝန်ယူ ဆောင်ရွက်မည့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက် ရောက်ခဲ့ကြပါသည်။အဆိုပါသင်တန်းကို Online မှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ရက်သတ္တပတ် (၅) ပတ်ကြာသင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။