နည်းပညာဘွဲ့ (Bachelor of Technology)သင်တန်သင်ရိုးညွှန်းတမ်းရေးဆွဲရေးလုပ်ငန်းများ စတင်လုပ်ဆောင်နိုင်ရေး ဖွင့်ပွဲအခမ်းအနား

Post date:
24 Mar 2022
သိပွံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေနဲ့ နိုင်ငံတော်၏ စက်ရုံ၊ အလုပ်ရုံများ၊ တည်ဆောက်ရေး လုပ်ငန်းများအတွက် အရည်အချင်းပြည့်ဝသော နည်းပညာဘွဲ့ရ (Technologists)များ မွေးထုတ်နိုင်ရေးအတွက် Bachelor of Technology ဘွဲ့သင် တန်းများဖွင့်လှစ်ပို့ချနိုင်ရေးအား ဆောင်ရွက်လျက်ရှိရာ သင်ရိုးညွှန်းတမ်းရေးဆွဲရေးလုပ်ငန်းများ စတင် ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်းသည့် ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၂ ခုနှစ်၊ မတ်လ၊ (၂၄)ရက်နေ့၊ ကြာသပ တေးနေ့၊ နံနက် (၁၀)နာရီတွင် Online မှ တဆင့် ကျင်းပဆောင်ရွက်ခဲ့ရာ အဆိုပါ သင်ရိုးညွှန်းတမ်းရေး ဆွဲရေး ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူးချုပ်များနှင့် ဌာနတာဝန်ခံများ၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ B.Tech သင်ရိုးညွှန်းတမ်းရေးဆွဲရေး လုပ်ငန်းတွင် အကြံပေး ပုဂ္ဂိုလ်များအဖြစ် ပါဝင်ဆောင်ရွက်ကြမည့် နည်း ပညာတက္ကသိုလ်များမှ ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများ၊ စက်မှုလယ်ယာဦးစီးဌာန၊ စက်ပစ္စည်း နှင့်သုတေသန ဦးစီးဌာနခွဲ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်း သစ်မှုဦးစီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန အသီးသီးတို့မှ ညွှန်ကြားရေးမှူးများ၊ နိုင်ငံတကာ အထူးဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်မည့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ Cornell University's College of Agriculture and Life Sciences မှ ပါမောက္ခဒေါက်တာခင်မာချို၊ အမျိုးသား စီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး၊ သင်ရိုးညွှန်းတမ်းရေးဆွဲမည့် သက်ဆိုင်ရာ ဘာသာရပ်အဖွဲ့ခေါင်းဆောင်များနှင့်အဖွဲ့ဝင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။