Share this

img.share-image

ဒုတိယကျောင်းအုပ်ကြီး(GTC/GTI)၊ ညွှန်ကြားရေးမှူး(မော်တော်ယာဉ်နည်းပညာသုတေသနဌာန) ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေး အသိပေးကြေညာချက် (၁၉-၁-၂၀၂၁)

နေပြည်တော် ဇန်နဝါရီလ ၁၉ ရက်

အသိပေးကြေညာချက်

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းများနှင့်ဌာနမှ အောက်ဖော်ပြပါ Link ရှိ တွဲဖက်ပါမောက္ခ၊ဒုတိယညွှန်ကြားရေးမှူး/ဌာနမှူး(စီမံ/ဘဏ္ဍာ) (လစာနှုန်း ကျပ် ၃၄၁၀၀၀-၄၀၀၀-၃၆၁၀၀၀)များအား လစ်လပ်လျက်ရှိသော ဒုတိယကျောင်းအုပ်ကြီး(GTC/GTI)၊ ညွှန်ကြားရေးမှူး(မော်တော်ယာဉ်နည်းပညာသုတေသနဌာန)(လစာနှုန်း ကျပ် ၃၇၄၀၀၀-၄၀၀၀-၃၉၄၀၀၀) ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေး ကျောင်းအုပ်ကြီး(GTHS)/ဒုတိယကျောင်းအုပ်ကြီး(GTC/GTI)အဖြစ် တိုးမြှင့်ခန့်ထားခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ (SOP)နှင့် စိစစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါ စံသတ်မှတ်ချက်များအနက် သင်ကြားရေးတာဝန်(၃)နှစ်နှင့်အထက် တာဝန်ထမ်းဆောင်ဖူးသူ၊ စုစုပေါင်းလုပ်သက်(၁၅)နှစ်နှင့်အထက်ရှိသူနှင့် အနည်းဆုံးအင်ဂျင်နီယာဆိုင်ရာ မဟာဘွဲ့ရရှိသူ၊ ရေးဖြေ (English+ICT)ရမှတ် (၅၀)မှတ်နှင့်အထက်ရရှိသူများအား စိစစ်၍ ရေးဖြေနှင့်လုပ်သက်ရမှတ်စုစုပေါင်း တူနေပါက Presentation ရမှတ်ဖြင့် ဆုံးဖြတ်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အသေးစိတ်အချက်အလက်များအား အောက်ဖော်ပြပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Announcement for Promotion

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန