အစိုးရနည်းပညာ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် လစ်လပ်လျက်ရှိသော သန့်ရှင်းရေး အကူရာထူး (လစာနှုန်း ကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)နေရာများ၌ တာဝန်ခန့်အပ်ထားရှိသူများ စာရင်းအား ကြေညာခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၂၈-၉-၂၀၂၂)ရက်စွဲပါ စာအမှတ်၊ သပန/ အုပ်ချုပ်မှု (ခန့်ထား)/၂၀၂၂(၆၃၈၇)အရ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အစိုးရနည်းပညာ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် လစ်လပ် လျက်ရှိသော သန့်ရှင်းရေးအကူရာထူး (လစာနှုန်းကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) နေရာများ၌ အောက်ဖော်ပြပါပုဂ္ဂိုလ်(၁၀)ဦးအား ယှဉ်တွဲဖော်ပြပါ ကျောင်းနှင့် ဌာနများတွင် အလုပ်တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍  ခန့်ထား လိုက်သည်-