စက်မှုသင်တန်းကျောင်းများ ဘာလဲ/ ဘယ်လဲ? (၂)

credit to Zayar Min Oo’s Post
အခြေခံလိုအပ်ချက်တွေလည်း အဆင်သင့်ဖြစ်နေပြီး သင်တန်းတစ်ခု စတင်ဖွင့်လှစ်တော့မယ်ဆိုရင် သင်တန်းသား/ကျောင်းသားခေါ်ယူရတော့မှာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ လူငယ်တွေရဲ ့ပညာရေးလမ်းကြောင်းရွေးချယ်မှုဟာ အလုပ်အကိုင်အခွင့်အလမ်းပေါများမှုနဲ ့ပေါ်ပင်ဖြစ်မှုအပေါ်အခြေခံပြီးရွေးချယ်တာဟာ
၈၀ ရာခိုင်နှုန်းအထက်မှာရှိနေပါတယ်။ ရမှတ်အနည်းအများကလည်းရွေးချယ်မှုအပေါ်သက်ရောက်မှုရှိသင့်သလောက်ရှိသလို
ငွေကြေးထောက်ပံ့နိုင်မှုကလည်းအကြောင်းအချက်တစ်ခုအဖြစ်ပါဝင်သော်လည်းပဲ အများစုကတော့ ဒီဘွဲ ့ရရင်၊ ဒီလက်မှတ်ရရင်၊ ဒီပညာရရင်် ဘယ်လိုအလုပ်ရနိုင်မလ၊ဲ ဘယ်လောက်ဝင်ငွေရနိုင်မလဲဆိုတဲ့အတွေးအမြင်တွေနဲ ့စဉ်းစားရွေးချယ်ဆုံးဖြတ်လေ့ရှိပါတယ်။ ဒီလိုပါပဲ စက်မှုသင်တန်းကျောင်းများကိုလာရောက််လေ့ကျင့်သင်ယူသူများရဲ ့
၉၀ ရာခိုင်နှုန်းလောက်ဟာလည်း ဒီကျောင်းဆင်းရင်၊ ဒီကျောင်းကလက်မှတ်ရရင်အလုပ်ရနိုင်မယ်၊ အလုပ်ရမှာပဲဆိုတဲ့ သူတို ့ကိုယ်တိုင် ဒါမှမဟုတ် မိဘတွေရဲ ့မျှော်လင့်ချက်လေးတွေ၊ အတွေးအမြင်လေးတွေနဲ ့ရောက်လာကြတာဖြစ်ပါတယ်။
ဒီနေရာမှာဆက်စပ်တင်ပြလိုတာလေးရှိပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ လူနည်းစုအတွက် မဟုတ်ဘဲပြည်သူပြည်သားအားလုံး အကျုံးဝင်သောအောင်မြင်မှု ရရှိလိုတယ်ဆိုရင် သဘာဝအရင်းအမြစ် သယံဇာတတွေအပေါ်မှီခိ်ုအားထားနေခြင်းကနေ လူသားအရင်းအမြစ်ဖြစ်တဲ့ လုပ်သားအင်အားကိုအခြေပြုပြီးတန်ဖိုးမြင့်စီးပွားရေးလုပ်ငန်းများအဖြစ်အသွင်ပြောင်းလဲဖို ့
လိုအပ်ပါတယ်။
ချမ်းသာသော တစ်နည်းအားဖြင့် ဖွံ ့ဖြိုးပြီးနိုင်ငံများရဲ ့ လုပ်သားအင်အားလိုအပ်ချက်ကို လုပ်သားစီးဝင်မှု(Labor Inflows)က ဖြေရှင်းပေးနိုင်လို ့အကျိုးကျေးဇူးများစွာ
ဖြစ်ထွန်းစေပေမယ့် ကျွန်တော်တို ့လို ဖွံ ့ဖြိုးဆဲနိုင်ငံတွေရဲ ့အလုပ်အကိုင် ရှားပါးမှုကြောင့်လုပ်သားစီးထွက်မှု (Labor Outflows)ဖြစ််စဉ်က နိုင်ငံအတွက်များစွာ နစ်နာထိခိုက်စေပါတယ်။ တိုင်းတစ်ပါးမှာ ငွေကြေးအတွက်သွားရောက်လုပ်ကိုင်နေရပေမယ့်
Home Sick ဆိုတဲ့ နေရပ်ကိုလွမ်းဆွတ်တမ်းတရတဲ့ခံစားမှု၊ လူနေမှုဘဝအတွက်အာမခံချက် (Social Protection) လျော့ကျခြင်း တစ်ခါတစ်ရံ လုံးဝမရှိခြင်းတို့ကိုလည်း ခံစားကြရပါတယ်။
တိုင်းပြည်ဖွံ ့ဖြိုးတိုးတက်ဖို ့အတွက်အဓိကလုပ်ဆောင်ပေးရမှာကလည်းလူတစ်ဦး တစ်ယောက်ချင်းရဲ ့လူမှုဘဝတွေ အတွက်ဖူလုံမှုရှိစေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးဖေါ်ထုတ်ပေးရန်သာဖြစ်ပါတယ်။
ဒီတော့မေးစရာရှိလာပါပြီ။
ဒီလိုမျိုးအလုပ် အကိုင်အခွင့်အလမ်းတွေပေါများလာအောင် (ဘယ်သူကဦးဆောင်ဦးရွက်ပြုမှာလဲ) ဆိုတဲ့မေးခွန်းပါပဲ။ ဟုတ်ကဲ့မိတ်ဆွေတို ့တွေးထင်ထားတဲ့အတိုင်းနိုင်ငံတော်အစိုးရပါပဲဗျာ။ သူ ့ချည်းပဲလားဆိုတော့ (ဆားလေးနဲ ့ပါဆိုသလို) ပုဂ္ဂလိကကဏ္ဍကလည်းပူးပေါင်းပါဝင်ဖို ့ရာ များစွာလိုအပ်ပါတယ်။
နိုင်ငံတော်အစိုးရအနေဖြင့်မည်သည့်ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမည်ကို ဦးစားပေးအစီအစဉ် သတ်မှတ်ပြီးပုဂ္ဂလိက ကဏ္ဍနှင့်ပူးပေါင်းကာ လုပ်သားအင်အားကိ်ုအခြေပြုသော စီးပွားရေးလုပ်ငန်းများဖွံ ့ဖြိုးလာစေရန်နဲ ့ကျွမ်းကျင်လုပ်သားအသိုက်အဝန်းဖန်တီးဖေါ်ဆောင် ပေးရမှာဖြစ်ပါတယ်။
လူမှုဘဝအာမခံချက်(Social Protection)ရှိသော အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်များပြားလာသည်နှင့်အမျှ သက်ဆိုင်ရာနယ်ပယ်အလိုက် သက်/မွေးပညာရပ်များကို
လေ့လာသင်ယူလိုသူတွေလည်း ပိုမိုတိုးပွားလာမည်သာဖြစ်ပါတယ်။
အချုပ်ပြောရရင် ကျွမ်းကျင်လုပ်သားစျေးကွက်ကို ပီပြင်တိုးတက်အောင်ဖန်တီးဖေါ်ထုတ်နိ်ုင်မယ်၊ သင်တန်းကျောင်းများကလည်း သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအလိုက် အမှန်တကယ်ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်မွေးထုတ်ပေးနိုင်မယ်ဆိုရင်် သင်တန်းသား/ကျောင်းသားများ ရရှိဖို ့အတွက်ဆိုတာ——————————–
(ဆက်လက်ဆွေးနွေးတင်ပြပါဦးမည်)
Tag တွဲထားသော ဆရာကြီးများခင်ဗျား စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရင် သည်းခံခွင့်လွှတ်ပေးစေလိုပါတယ်။ ဆရာသမားများရဲ့ ဝေဖန်ထောက်ပြမှုကို ခံယူလိုခြင်းသာဖြစ်ကြောင်းပါခင်ဗျား။