သုတနည်းပညာ

သုတနည်းပညာအင်ဂျင်နီယာ ဘာသာရပ်(Information Technology)

ဘာသာရပ်မိတ်ဆက်

Computer Hardware ပိုင်းဆိုင်ရာ ကွန်ပျူတာပြုပြင်ထိန်းသိမ်း ခြင်းများကို သိရှိနားလည်နိုင်စေရန်၊ Programming ဘာသာရပ်ကို နားလည်တက်မြောက်ပီး programများ ကျွမ်းကျင်စွာ လက်တွေ့ ရေးသားနိုင်စေရန်၊Web Design နှင့် Web Development ဘာသာရပ် များကို  သိရှိနားလည်၍  Web Application များကို လက်တွေ့ ဖန်တီးရေးသားနိုင်စေရန်၊ Network အခြေခံသဘောတရားများကို နားလည်၍ ကွန်ပျူတာကွန်ယက် ချိတ်ဆက်အသုံးပြုခြင်းနှင့် Network System Administration များကို  သိရှိနားလည် တက်မြောက်နိုင်စေရန် ရည်ရွယ်ပါသည်။

သင်တန်းကာလ၊

(၃)နှစ်

ပေးအပ်မည့် Certificate/ Diploma/Bachalor

A.G.T.I (IT)(Diploma)

ကျောင်းဝင်ခွင့်သတ်မှတ်ချက်

တက္ကသိုလ်၀င်တန်း စာမေးပွဲအား သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီး အင်္ဂလိပ်နှင့် သင်္ချာဘာသာ နှစ်ခုပေါင်းရမှတ် များမှာ ကောင်းမွန်ရပါမည်။

အလုပ်အကိုင်အခွင့်အလမ်း/ သင်တန်းမှရရှိမည့်အကျိုးကျေးဇူး

သုတနည်းပညာ အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းပြီးမြောက် အောင်မြင် ပါက Programmer ၊ Network Engineer ၊ Network System Administrator နှင့် Web Developerများအဖြစ်  လုပ်ငန်းခွင်သို့ ဝင် ရောက် လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

သုတနည်းပညာအင်ဂျင်နီယာ ဘာသာရပ်အား ဖွင့်လှစ်သင်ကြားလျက်ရှိသော ကျောင်းများ

အစိုးရနည်းပညာကောလိပ် (နေပြည်တော်)

အစိုးရနည်းပညာကောလိပ်(မိုးညှင်း)

အစိုးရနည်းပညာကောလိပ်(ရွှေဘို)

အစိုးရနည်းပညာကောလိပ် (မြင်းခြံ)

အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)

အစိုးရနည်းပညာကောလိပ်( မန္တလေး)

အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)

အစိုးရစက်မှုလက်မှုသိပ္ပံ ( ပြင်ဦးလွင်)

အစိုးရစက်မှုလက်မှုသိပ္ပံ  (ကန့်ဘလူ)

 

priority
5